Briefing 127 / Asia 22 September 2011 အရေးပါသော အပြောင်းအလဲများ ဖြစ်ပေါ်နေသည့် မြန်မာနိုင်င Share Facebook Twitter Email Linkedin Whatsapp Save Print Download PDF Full Report Also available in 简体中文 简体中文 Burmese English ခြုံငုံသုံးသပ်ချက အရပ်သား တစ်ဝက်ပါသော အစိုးရသစ်သို့ အသွင်ကူးပြောင်းရေး ခြောက်လကြာပြီးနောက် မြန်မာနိုင်ငံတွင် အဓိက ပြောင်းလဲမှုများ ဖြစ်ပေါ်နေပြီ ဖြစ်ပါသည်။ သမ္မတ ဦးသိန်းစိန်သည် ၂၀၁၁ခုနှစ် မတ်လတွင် ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည့် ရည်ရွယ်ချက် ကြီးမားသော ပြုပြင်ပြောင်းလဲရေး အစီအစဉ်များကို လျင်မြန်စွာ စတင် အကောင်အထည် ဖော်နေပြီ ဖြစ်သည်။ အစိုးရဟောင်းကို နှစ်ရှည်လများ ဝေဖန်ခဲ့သူများ အားလည်း အမြင်မတူသည်များ ဘေးဖယ်၍ တိုင်းပြည် ကောင်းကျိုးအတွက် အတူလက်တွဲ အလုပ်လုပ်ရန် အဆိုပြုပြီး လက်လှမ်းမီအောင် ကြိုးစားလျက်ရှိသည်။ ဒေါ်အောင်ဆန်းစုကြည်သည် ထိုအခွင့်အရေးကို အရယူပြီး နေပြည်တော်တွင် ခေါင်းဆောင်သစ်နှင့် တွေ့ဆုံခဲ့ပါသည်။ ထို့နောက် သမ္မတသည် တကယ့် အပေါင်းလက္ခဏာ ဆောင်သော ပြောင်းလဲမှုကို လိုချင်ကြောင်း သူမက ပြောဆိုသည်။ အရှေ့တောင်အာရှ အသင်းကြီးကလည်း မြန်မာနိုင်ငံသည် လမ်းကြောင်းမှန်ပေါ် ရောက်ရှိနေပြီဟု ယုံကြည်ပြီး၊ မကြာမီ ၂၀၁၄တွင် အဖွဲ့ကြီး၏ ဥက္ကှဌနေရာကို မြန်မာနိုင်ငံအား ပေးအပ်ရေးအတွက် ဆွေးနွေးကြမည် ဖြစ်သည်။ ထိုအချက်သည် ပြည်တွင်းရှိ ပြုပြင်ပြောင်းလဲရေး ဝါဒီများကို စွမ်းအားများ ရရှိစေပြီး ၎င်းတို့ တိုက်တွန်းထားသော နိုင်ငံရေးနှင့် စီးပွားရေး ပြန်လည် တည်ဆောက်ရေးကို လုပ်ဆောင်ရန် အချိန် သတ်မှတ်ပေးလိုက် သကဲ့သို့ ရှိနေသည်။ ယခုလို အချိန်မျိုးတွင် အနောက်နိုင်ငံ မူဝါဒ ချမှတ်သူများသည် တိုးတက်လာသော အခြေအနေ အပေါ် တုန့်ပြန် ခြေလှမ်း လှမ်းသင့်ပါသည်။ နိုင်ငံရေး အကျဉ်းသားများအား လွှတ်ခဲ့ပါက အဓိက ခြေလှမ်းများဖြင့် တုန့်ပြန်ရန် ပြင်ဆင်ထားသင့်သည်။ သြဂုတ်လ(၁၉)ရက်နေ့ မိန့်ခွန်းတွင် သမ္မတသည် ၎င်း၏ အမြင်ကို ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ရာ ၎င်း၏ ရည်မှန်းချက်မှာ နိုင်ငံကို ခေတ်မှီ၍ ဖွံ့ဖြိုး တိုးတက်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရန် ဖြစ်သည်ဟု ဆိုပါသည်။ ထိုသို့ တည်ဆောက်ရန် အတွက် မည်သည့် ခြေလှမ်းများ လှမ်းရမည် ဆိုသည်ကို လွန်ခဲ့သော (၆)လက ၎င်း၏ ရိုးသားပြီး လတ်ဆတ်သော အဖွင့် မိန့်ခွန်းတွင် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။ အချို့စောင့်ကြည့် လေ့လာသူများက အဆိုပါ မိန့်ခွန်းကို ‘အပြော’ သာဖြစ်ကြောင်း ပြောဆိုပြီး လက်မခံခဲ့ပေ။ သို့သော် နှစ်ပေါင်းများစွာ နိုင်ငံရေးအရ လည်းကောင်း၊ စီးပွားရေး အရ လည်းကောင်း၊ တိုးတက်မှု မရှိဘဲ တန့်နေခြင်းထက် စာလျှင် များစွာ အဓိပ္ပာယ် ရှိပါသည်။ နှစ်ပေါင်း (၅၀)ခန့် အာဏာရှင် အုပ်ချုပ်ရေး စနစ်အပြီးတွင်၊ ယခု အစိုးရသည် မြန်မာနိုင်ငံတွင် နိုင်ငံရေး ခေါင်းဆောင်မှု ပုံစံသစ် ဖြစ်ပြီး၊ လုံးဝခြားနားသော အုပ်ချုပ်မှု ဆက်တင် အသစ်ဖြစ်ပါသည်။ ယခင်လ အနည်းငယ်က လုံးဝ မတွေးဝံ့ခဲ့သော ဆွေးနွေးမှုများနှင့် အစပြု လုပ်ဆောင်မှုများကို ခွင့်ပြုလာခဲ့သည်ကို တွေ့ရသည်။ သမ္မတကြီး ပြောခဲ့သော စကားများကို ယခုအခါ လက်တွေ့လုပ်ဆောင် နေပြီဖြစ်သည်။ ပြီးခဲ့သော ရက်သတ္တပတ်များအတွက် သမ္မတ၏ ပြုပြင်ပြောင်းလဲရေး အစီအစဉ်အတွက် အကောင်အထည်ဖော်ရန် ခိုင်မာသော ခြေလှမ်းများ စတင်ခဲ့ရာ၊ ရည်ရွယ်ချက်များ ဖြစ်သော စီးပွားရေးအတွက် အင်အားသစ်များ ပေးရန်၊ အမျိုးသား နိုင်ငံရေးကို ပြုပြင်ပြောင်းလဲရန်နှင့် လူ့အခွင့်အရေး အခြေအနေများ တိုးတက်ရန် အချက်များ ပါဝင်ပါသည်။ တိုင်းပြည်တွင် အခြေခံကျသော ပြောင်းလဲမှုများ ဖော်ဆောင်ရန် နိုင်ငံရေးနှင့် ပတ်သက်ဆက်စပ်မှုများ ရှိနေလိမ့်မည် ဆိုသည်မှာ ထင်ရှားလျက်ရှိသည်။ ထိုသို့သော ခက်ခဲသော ကြိုးပမ်းမှုများ၏ အောင်မြင်မှုသည် ဆုံးဖြတ်ချက် ခိုင်မာသော ခေါင်းဆောင်ထက် ပို၍ လိုအပ်ပါသည်။ ယခင် မပြောင်းလဲနိုင်သော အခြေအနေဟောင်း (Status quo) တွင် အသာစီးရနေသူများ၏ ခုခံ ဆန့်ကျင်မှုကိုလည်း မျှော်လင့်ထားရမည် ဖြစ်ပါသည်။ ဆယ်စုနှစ်များစွာ အထီးကျန် ဖြစ်ပြီး အာဏာရှင် စနစ် လက်အောက်မှ ရုန်းထွက်လာရသော နိုင်ငံ တစ်နိုင်ငံ အနေဖြင့် နည်းပညာ ဆိုင်ရာ ၊ အဖွဲ့အစည်းများ ဆိုင်ရာ စွမ်းဆောင်မှု အားနည်းမှု များသည် ကြီးမားသော အကန့်အသတ်များ ဖြစ်နေသည်။ သို့ဖြစ်ရာ အနောက် နိုင်ငံများမှ အကြံဥာဏ်များနှင့် နိုင်ငံစုံ အဖွဲ့အစည်းများ၏ အကူအညီများကို နေရာတကျ ဖြည့်ဆည်းပေးရန် အလျင်အမြန် လိုအပ်နေခြင်းကြောင့် ထိုကိစ္စကို ခွင့်ပြုကြရလိမ့်မည် ဖြစ်သည်။ အချို့ စောင့်ကြည့် လေ့လာသူများက သတိထားကြရန် တိုက်တွန်း နေဆဲ ဖြစ်ပြီး၊ ၎င်းတို့သည် မည်မျှ ပြောင်းလဲခဲ့ပြီ ဆိုသည်ကို အာရုံ မပြုဘဲ၊ မပြောင်းလဲဘဲ ကျန်နေသည် များကိုသာ လက်ညှိုးထိုးလျက် ရှိပါသည်။ သေချာအောင် ပြောရလျှင် အောင်မြင်သော ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များသည်၊ အာမခံခြင်းနှင့် သီးခြားစီ ဆိုသည့်အချက် ပင် ဖြစ်သည်။ အခြေခံကျသော ခြေလှမ်းများ လှမ်းဖို့တော့ လိုနေပါသေးသည်။ တိုင်းရင်းသားများအား ခွဲခြားထားခြင်းကို ကုစားရန်၊ ဆယ်စုနှစ် များစွာ ကြာနေသော လက်နက်ကိုင် ပဋိပက္ခများ၏ အမွေဆိုးများ ကျော်လွှားရန်၊ စစ်တပ်၏ သွေးထွက်သံယို နှိပ်စက်မှုများ အပေါ် လက်ရှိ စွပ်စွဲထားမှုများကို ဖြေရှင်းရန်၊ နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန်၊ အခြေခံအရပ်သား ရပိုင်ခွင့်များ ပြန်လည် ရရှိရန်နှင့် မီဒီယာ ဆင်ဆာများ ရှေ့ဆက်၍ ဖြေလျှော့ရန် စသည့်ကိစ္စများပင် ဖြစ်ပါသည်။ အနောက်နိုင်ငံ များသည် အပေါင်းလက္ခဏာ ဆောင်သော တိုးတက်မှုများကို တုန့်ပြန်ရန် အသင့်ရှိကြောင်း အချက်ပြခဲ့ပြီး ဖြစ်သည်။ အနည်းဆုံးအားဖြင့် ၎င်းတို့သည် ပြင်းထန်မှုမရှိသော နိုင်ငံရေး ဆိုင်ရာ ရပ်တည်မှုတော့ ရှိသင့် ပါသည်။ နိုင်ငံတကာ ငွေကြေးအဖွဲ့များနှင့် UNDP ကဲ့သို့သော နိုင်ငံစုံ အေဂျင်စီများကို ၎င်းတို့လက်ရှိ လုပ်ပိုင်ခွင့် အတွင်းမှာပင် ဖြစ်နိုင်သမျှ လုပ်ဆောင်နိုင်ရန် အားပေးကြရမည် ဖြစ်သည်။ ထိုနည်း တူစွာပင် အီးယူအဖွဲ့ဝင်များသည် မြန်မာနိုင်ငံ အပေါ် သတိကြီးစွာ ထားခြင်းထက် စာလျှင် အီးယူကောင်စီ၏ မြန်မာနိုင်ငံ အပေါ်ချမှတ်ထားသော ဆုံးဖြတ်ချက်များ အပေါ်တွင် အမြင်ကျယ်ကျယ် အဓိပ္ပာယ်ဖွင့်ဆိုရန် ထောက်ခံ ကူညီသင့် လှပေသည်။ နေပြည်တော်ကလည်း လမ်းကြောင်းသစ်ကို သွားနေသည် ဖြစ်ရာ၊ အထက်က ဆိုခဲ့သော နိုင်ငံရေး ခြေလှမ်းလေးများသည် ယခု လုပ်ဆောင်နေသော ပြုပြင်ပြောင်းလဲရေးတွင် ဟန်ချက်ညီအောင် ပံ့ပိုးရာ ရောက်ပေသည်။ အနောက်နိုင်ငံမှ အများစု အဓိကစံအဖြစ် သတ်မှတ်ထားမှုများကို မကြာမီ လုပ်ဆောင်နိုင်တော့မည် ဆိုသော ပြဆိုမှုများ ရှိနေပြီဖြစ်ပါသည်။ ဥပမာ အားဖြင့် အောက်လွှတ်တော်တွင် အတိုက်အခံ၏ တင်ပြချက် ဖြစ်သော သမ္မတအား နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်ပြုရေး တင်ပြရန် အဆိုကို တပ်မတော်သား အမတ်များက ထောက်ခံခဲ့ခြင်း တို့ပင် ဖြစ်သည်။ ထိုသို့ အံ့သြဖွယ် မူဝါဒများ ပြောင်းလဲမှုများ နည်းတူ ယခင်က အရေးယူ ပိတ်ဆို့မှု ပြုခဲ့သူများကလည်း မူဝါဒ ပြောင်းလဲ ပေးရန် လိုအပ်ပါသည်။ ထိုသို့ပြောင်းလဲမှု မလုပ်နိုင်ခြင်း သို့မဟုတ် ယခင်တောင်းဆိုမှု အဟောင်းများ နေရာတွင် အသစ်များနှင့် အစားထိုး ပြောင်းလဲမှု မပြုနိုင်ခဲ့လျှင်၊ မူဝါဒများ၏ စွမ်းအားလျော့နည်း သွားစေမည် ဖြစ်ပြီး၊ အနောက်နိုင်ငံများ၏ အားနည်းသော သြဇာ လွှမ်းမိုးမှုကို ပိုမို အားနည်းသွားစေမည် ဖြစ်ပါသည်။ တိုင်းသူပြည်သားများကို အကျိုးရှိစေမည့် ပြည်တွင်းရှိ လူ့အခွင့်အရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို နိုင်ငံတကာ အသိုင်းအဝိုင်း အနေဖြင့် အသိအမှတ်ပြု၍ ထောက်ခံ သင့်လှပေသည်။ Crisis Group အနေဖြင့် အနောက်နိုင်ငံများ မြန်မာနိုင်ငံအပေါ် ချမှတ်ထားသော အရေးယူ ပိတ်ဆို့မှုများသည် ပစ်မှတ်ထားသည် ဖြစ်စေ၊ ပစ်မှတ် မထားသည်ဖြစ်စေ၊ ရလဒ် မရှိကြောင်း ယခင် ကတည်းက ရှုမြင်ခဲ့ပြီး ယင်းပိတ်ဆို့မှုမူဝါဒသည် မြန်မာ ခေါင်းဆောင်များကြားတွင် ရန်သူများ ဝိုင်းနေ၍ မိမိ ကိုယ်ကို ကာကွယ်ရမည် ဆိုသော ဓိတ်ဓာတ်မျိုးကိုသာ ဖြစ်စေပြီး၊ ဆင်းရဲသော ပြည်သူ များအား ထိခိုက်စေ ပါသည်။ ပြောင်းလဲမှု အရှိန်ကောင်းလာ လေလေ၊ အရေးယူ ပိတ်ဆို့မှုများ ဆက်ထားရန် သို့မဟုတ် ထပ်တိုးရန် အကြောင်းပြချက်များ အားနည်း လာလေလေ ဖြစ်ပေမည်။ စစ်တပ်သည် သူပုန်ထမှုများကို သွေးထွက်သံယို နှိမ်နှင်းရန် မဟာဗျူဟာကို ဆက်လက် ကိုင်စွဲထားကြောင်း လုံလောက်သော အထောက်အထားများ ရှိနေပြီး၊ ပြည်တွင်းတွင် တာဝန်ယူ လုပ်ဆောင်နိုင်မှု မရှိမခြင်း၊ နိုင်ငံတကာ ကော်မရှင် ဖွဲ့စည်းရန် တောင်းဆိုနေမှုများ ရှိနေဦးမည်သာ ဖြစ်ပေသည်။ သို့သော် မရှင်းလင်းသော အချက်မှာ၊ နိုင်ငံတကာ ကော်မရှင် တစ်ခုကို ဖွဲ့စည်းနိုင်ခဲ့သည် ထားဦး၊ ထို့အဖွဲ့သည် ယခင် ကျူးလွန်ခဲ့မှုများကို ယခုအချိန် ထိရောက်စွာ အရေးယူနိုင်သော နည်းလမ်းတစ်ခု လား ၊ ထိုအဖွဲ့ကြောင့် နေပြည်တော်တွင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ လျှော့ချ လိုက်ခြင်းကို ဖြစ်စေ မှာလား ဟု မေး ရန် ရှိနေပေသည်။ Related Tags Myanmar More for you Commentary / Asia Myanmar: Post-Coup Crisis and a Flawed Election Report / Asia လူထုအလှူ - အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ကျားကန်ပေးနေသည့် ဘဏ္ဍာရေးလက်တံများ Also available in Also available in 简体中文, English