Briefing 118 / Asia 7 March 2011 မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲ အလွန် အခင်းအကျင်း Share Facebook Twitter Email Linkedin Whatsapp Save Print Download PDF Full Report Also available in 简体中文 简体中文 Burmese English ခြုံငုံသုံးသပ်ချက မြန်မာနိုင်ငံမှ ၂၀၁၀ နိုဝင်ဘာ ရွေးကောက်ပွဲများသည် လွတ်လပ်ခြင်း၊ မျှတခြင်း မရှိသလို မြန်မာနိုင်ငံသည်လည်း အာဏာရှင် အုပ်စိုးမှုစနစ်မှ လွတ်မြောက်နိုင်ခြင်း မရှိသေးပါ။ ကြိုတင်မှန်းဆ ထားကြသည့်အတိုင်းပင် တင်းကြပ်စွာ ထိန်းချုပ်ထားသော ရွေးကောက်ပွဲများ၌ တပ်မတော်အစိုးရ၏ ပြည်ခိုင်းဖြိုးပါတီ (USDP) ကသာ ပြည်လုံးကျွတ် အနိုင်ရရှိကာ တပ်မတော် အုပ်ချုပ်သူ အလွှာကို ထိန်းချုပ်မြဲ ဆက်လက် ထိန်းချုပ်စေခဲ့သည်။ ထို့အပြင် တာဝန်ထမ်းဆဲ တပ်မတော်သားများအတွက် လွှတ်တော် ကိုယ်စားလှယ် နေရာ လေးပုံတစ်ပုံ သီးသန့် ဖယ်ပေးထားခြင်းက လွှတ်တော်အတွင်း၌ အတိုက်အခံ ပါတီဝင်များအတွက် အနည်းငယ်သော နိုင်ငံရေးနယ်ပယ်သာ ရှိလိမ့်မည်ဟု ဆိုလိုရာ ရောက်ပါသည်။ ယခုအခါ ဖွဲ့စည်းပြီးဖြစ်ကာ လာမည့် သီတင်းပတ်များအတွင်း အာဏာ ရယူတော့မည့် အစိုးရအဖွဲ့သစ်သည်လည်း သမ္မတနှင့် ဒုတိယသမ္မတ ၂ဦးအနက်မှ တစ်ဦးတို့ကို ယခင် အစိုးရခေါင်းဆောင်များထံမှ ပြန်လည် ရွေးချယ်ခန့်အပ်ခြင်း၊ ယခင် အစိုးရဝန်ကြီး အများစုကို ပြန်လည် အသုံးပြုခြင်း စသည်တို့ကြောင့် စနစ်ဟောင်း၏ ဆက်လက် လွှမ်းမိုးနေမှုကို ထင်ဟပ်နေသည်။ ထိုသို့ဖြစ်စေကာမူ ဘာမှမပြောင်းလဲဟု ကောက်ချက်ချပါက မှားယွင်းသွားဖွယ်ရှိသည်။ ယခင် တပ်မတော်အစိုးရ၏ ထိပ်ဆုံးခေါင်းဆောင်နှစ်ဦး အနားယူသွားပြီဖြစ်ကာ မျိုးဆက်သစ်များက တာဝန်လွှဲပြောင်း ယူလိုက်ပါပြီ။ တပ်မတော်၏ ဆက်လက်လွှမ်းမိုးရေးကို သေချာအောင် ပြုလုပ်ထားသည် ဆိုသော်ငြားလည်း နိုင်ငံရေး အခင်းအကျင်းကို အခြေခံကျကျ ပြန်လည်ပုံသွင်းပေးမည့် အခြေခံဥပဒေသစ်သည်လည်း စတင် အကြုံးဝင် အာဏာ သက်ရောက်ခဲ့ပြီဖြစ်သည်။ ပညာတတ် ပညာရှင် အချို့ကို အစိုးရ အဖွဲ့အတွင်းခေါ်ယူ ထည့်သွင်းခဲ့သလို၊ တိုင်းနှင့်ဒေသကြီး အဆင့်တွင်လည်း တိုင်းရင်းသားအုပ်စုများက အနည်းဆုံး သူတို့အရေး စီမံခန့်ခွဲမှုနှင့်ပတ်သက်၍ အတန်အသင့် ပြောဆိုနိုင်ကြပြီဖြစ်သည်။ ယင်းအပြောင်းအလဲများသည် အချိန်တိုအတွင်း သိသာထင်ရှားသော ပြုပြင်ပြောင်းလဲမှုများအဖြစ် ယူဆရန် မဖြစ်နိုင်သော်လည်း အစိုးရသစ် ဖွဲ့စည်းမှု အခြေအနေကို ဖြစ်ပေါ်စေကာ ပိုမို ပြုပြင်ပြောင်းလဲမှုအတွက် အလားအလာများကို တိုးပွားစေပါသည်။ နှစ်ပေါင်း ၂၀ ရှေ့မတိုးနောက်မဆုတ် ပိတ်မိနေသော အနေအထားမှ ယခုကဲ့သို့ ပြောင်းလဲလာသည့် အခိုက်အတန့်သည် ပိုမိုကြီးမားသော ပွင့်လင်းမှုနှင့် ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းပေါ်သို့ မြန်မာအစိုးရ ရောက်ရှိလာအောင် နိုင်ငံတကာ အသိုင်းအဝိုင်းက တိုက်တွန်း အားပေးနိုင်မည့် အခွင့်အရေးကို ဖြည့်ဆည်းပေးပါသည်။ သို့သော်လည်း အနောက်နိုင်ငံများက ၎င်းတို့၏ မအောင်မြင်သော အရေးယူ ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ခွဲခြားပစ်ပယ်မှု မူဝါဒများကို ပြောင်းလဲမှသာလျှင် ယခု အခွင့်အလမ်းကို ဖမ်းဆုပ်နိုင်မည် ဖြစ်သည်။ ပြောင်းပြန် ရလဒ်ကိုသာ ထွက်ပေါ်စေသည့် အဆိုပါ မူဝါဒများသည် ပြည်သူလူထုအပေါ် တွင်လည်းကောင်း၊ ဒိုင်ယာလော့နှင့် စေ့စပ်ညှိနှိုင်းရေး အလားအလာများ အပေါ်တွင်လည်းကောင်း အနှုတ်သဘောဆိုးကျိုး သက်ရောက်မှုကို ဖြစ်ပေါ်စေသည့်အပြင်မြန်မာခေါင်းဆောင်ပိုင်း၏ ချောင်ပိတ်မိနေသည့်စိတ်ဓာတ်ရေးရာကို အားဖြည့်ပေးသလို ဖြစ်ကာ ယခင်အစိုးရ၏ အာဏာရှင် လမ်းကြောင်းနှင့်ဖြစ်စေ၊ အထီးကျန် ဝါဒီများနှင့်ဖြစ်စေ လက်တွဲဖြုတ်လမ်းခွဲမည့် မျိုးဆက်သစ် ခေါင်းဆောင်များ၏ အခွင့်အရေးများကို လျော့နည်းသွားစေသည်။ သို့ဖြစ်ရာ sanctions များသည် မလိုလားသော ပြောင်းပြန်ရလဒ်များကို ထွက်ပေါ်စေပြီး သာမန်ပြည်သူများကို ထိခိုက် နစ်နာစေကာ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို နှောင့်နှေးစေသည် ဟူသောအချက်ကို အသိအမှတ်ပြု ဝန်ခံခြင်းဖြင့် တိုးတက်သော မူဝါဒများကို စတင်ရပါမည်။ ထိုအမှားကို ပြင်ဆင်ရန်အတွက် ဖွံ့ဖြိုးရေး အကူအညီ တားမြစ်မှုများကို အမြန်ဆုံး ရုတ်သိမ်းပေးရမည်ဖြစ်ကာ ထောက်ပံ့ ကယ်ဆယ်ကူညီမှု အဆင့်များကို တိုးမြှင့်ပေးရမည်။ နိုင်ငံတကာငွေကြေး အဖွဲ့အစည်းများထံမှ နည်းပညာ အကူအညီပေးမှုအပေါ် တားမြစ်ချက်များကိုလည်း ဖယ်ရှားပေးရမည်။ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး၊ လူမှုရေးနှင့် စီးပွားရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး၊ ပညာရေးနှင့် လူ့စွမ်းအား တည်ဆောက်ရေး စသည်တို့အပေါ် စိုးရိမ် ပူပန်မှုများ လျော့ကျအောင် လုပ်ဆောင်ရန် အထက်ပါ အဖွဲ့အစည်းများက တိုက်တွန်း အားပေးရမည်ဖြစ်သည်။ ကုလသမဂ္ဂ ဖွံ့ဖြိုးမှု အစီစအဉ် UNDP နှင့် အခြားကုလသမဂ္ဂ အဖွဲ့အစည်းများအား ချုပ်ထိန်းထားသည့် ကန့်သတ်ချက်များကိုလည်း ရုတ်သိမ်းပေးရမည်။ အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော သွင်းကုန်ပိတ်ပင်မှုနှင့် အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေး ပိတ်ပင်မှု စသည့် ကျယ်ပြန့်သော စီးပွားရေး ဒဏ်ခတ်မှု sanctions များကိုလည်း ဖြေလျှော့ပေးရမည်ဖြစ်သည်။ သို့ဖြစ်ရာ မြန်မာပြည်သူများအတွက် သူတို့၏ ဘဝများ တိုးတက်စေရန် မရှိမဖြစ် အရေးကြီးသော လူမှု-စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ အတွက် များစွာကြီးမားသော အထောက်အကူ ဖြည့်ဆည်းပေးမည့် ချဉ်းကပ်ကိုင်တွယ်ပုံ နည်းလမ်းသစ် တစ်ခုကို ဆုံးဖြတ်ချမှတ်ရန် အရေးပေါ် လိုအပ်နေပြီး တစ်ချိန်တည်းတွင် မြန်မာအစိုးရကသာ အရေးပါသော နိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်ကို စတင် လုပ်ဆောင်မည်ဆိုပါက အနောက်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည် တည်ဆောက်မှု ဖြစ်နိုင်ချေ ရှိကြောင်းကို မြန်မာခေါင်းဆောင်ပိုင်းအား စည်းရုံး ဆွေးနွေးမှု ပြုလုပ်နေရမည်ဖြစ်သည်။ International Crisis Group က လတ်တလော နှစ်များအတွင်း ထုတ်ပြသည့် အစီရင်ခံမှုများတွင် အထက်ပါ နည်းလမ်းနှင့်သက်ဆိုင်သည့် အချက်အလက်များကို ဖော်ထုတ်တင်ပြခဲ့ရာ၌ ခိုင်မာစွာ ဖွဲ့စည်းထားသည့် ဒေသတွင်းနှင့် နိုင်ငံတကာ တွေ့ဆုံဆွေးနွေးမှု၊ ထောက်ပံ့ကယ်ဆယ်မှု အကူအညီဆိုင်ရာ ဆက်ဆံရေးများ ပုံမှန်တည်ဆောက်မှု၊ အရေးကြီးသော နိုင်ငံရေး အသွင်ပြောင်းမှု အခိုက်အတန့်တွင် ပြုပြင်ပြောင်းလဲရေးနှင့် ပိုမိုပွင့်လင်းရေးကို အားပေးမြှင့်တင်ရန် အခွင့်အလမ်းများ၊ တိုင်းရင်းသား ပြဿနာ ငြိမ်းချမ်းစွာ ဖြေရှင်းရေးကို ထိပ်တန်းဦးစားပေး သတ်မှတ်မှု စသည့်အချက်များ ပါဝင်သည်။ Related Tags Myanmar More for you Briefing / Asia Resisting the Resistance: Myanmar’s Pro-military Pyusawhti Militias Also available in 简体中文 Video / Asia Myanmar's Military Coup: One Year On Up Next Event Recording / Global EU Watch List: 10 Cases Where the EU can Build Peace in 2022 (Online Event, 28th January 2022)
Event Recording / Global 28 January 2022 EU Watch List: 10 Cases Where the EU can Build Peace in 2022 (Online Event, 28th January 2022) Crisis Group’s Watch List identifies ten countries or regions at risk of deadly conflict or escalation thereof in 2022. In these places, early action, driven or supported by the EU and its member states, could enhance prospects for peace and stability. Share Facebook Twitter Email Save Print